Wednesday, November 13, 2013

Myanmar OSM Map Drawing


ခုခေတ်မှာ လူတိုင်းနီးပါးက အန်းဒရွိက်ဖုန်းတွေ သုံးလာကြပြီဆိုတော့ အဲဒီဖုန်းကို မိမိသွားလိုရာကို ညွှန်ပြပေးမယ့် ဂျီပီအက် တစ်ခုအဖြစ် ပြောင်းသုံးနေကြပါပြီ။ အခုလက်ရှိက မြေပုံအကုန်မရဘူး။ အဲဒီတော့ အကုန်လုံးရအောင် လုပ်ဖို့ဆိုတာကတော့ မြန်မာနိုင်ငံအတွက် မြေပုံတွေက မြို့ကြီးတွေမှာပဲ ရသေးတာ။ အဲဒါတောင် မပြည့်စုံသေးဘူး။ ပြီးတော့  ဆွဲတဲ့သူတွေက မြန်မာတွေ ပါချင်မှပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်နေရာ ကိုယ့်ဒေသမှာရှိတဲ့ အိုင်တီဝါသနာရှင်တွေက ကိုယ့်အရပ်ဒေသ မြေပုံတွေကို ကိုယ်တိုင်ဆွဲပေးကြဖို့ပါပဲ။ 

အဲဒီလို ဆွဲဖို့အတွက် ကျွန်တော်တို့ Open Street Map ကိုသုံးပါမယ်။ ပြီးရင် အဲဒီမြေပုံကို ဖုန်းထဲကို ထဲကို ထည့်သုံးပါမယ်။ အဲဒီမှာ သူက အားသာတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် အသေးစိတ်မြေပုံကို 15 MB လောက်ပဲရှိတာပဲ။ ယုံလားတော့မသိဘူး။ မယုံရင် တင်ပေးမယ်။ ပြီးရင် စမ်းကြည့်ကြပါ။ မြို့တစ်မြို့အတွက်ဆို 1MB တောင်မပြည့်ပါဘူး။ အဲဒါ အသေးစိတ် အကုန်ပါပြီးသားပါ။ ပြီးတော့ ပိုကောင်းတာက အင်တာနက် လုံးဝမလိုတာပါပဲ။ ပိုက်ဆံမကုန်ပါဘူး။ ဂူဂယ်မြေပုံဆို အင်တာနက်နှေရင် အဆင်မပြေဘူး။ ပိုက်ဆံလည်းကုန်တယ်။ ခုဒီမြေပုံဆိုရင်တော့ အလကားလည်းရမယ်။ အင်တာနက်လည်း မလိုဘူး။ ကြိုက်သလို ပြင်သုံးလို့လည်းရတယ်။ ဘာလိုသေးလဲ။ ဘာလိုသေးလဲဆိုတော့ ကော်ဖီမစ်တစ်ခွက်လောက်ပေါ့။

ကိုင်း တော်ကီပစ်တာ များပြီး အင်ထရိုလေး စလိုက်ကြရအောင်။
ကျွန်တော်တို့ ကိုယ်နေတဲ့ မြို့ရွာ တစ်ခုကို မြေပုံဆွဲဖို့အတွက် ပထမဆုံး ပြင်လို့ရမယ် မြေပုံဖိုင်တစ်ခုလိုပါတယ်။ အဲဒီတော့ ကျွန်တော် နေတဲ့ မော်လမြိုင်မြို့ကို ဘယ်လိုဆွဲသွားလဲဆိုတာကို အသေးစိတ်မဟုတ်တောင် နားလည်နိုင်လောက်အောင် ရှင်းပါထားပါ့မယ်။ အဲဒီနည်းလမ်းကိုလိုက်ပြီးတော့ မိမိ ရပ်ရွာ၊ ဒေသမြေပုံကို ဆွဲပေးစေချင်ပါတယ်။ အားအားရှိ အွန်လိုင်းတက် ဖွန်ချည်းပဲ ကြောင်နေရတာ ကြာတော့ ပျင်းစရာကြီး။ ဒီလို ပြည်သူ့အကျိုးပြုလုပ်ငန်းလေးလည်း လုပ်ပေးအုန်းပေါ့။


  1. အဆင့် ၁။ ဂျာဗားကို ဒီကဆွဲပါ။ ပြီး အင်စတောလုပ်လိုက်ပါ။ စက်တော်တော်များများမှာတော့ သွင်းပေးထားလေ့ရှိပါတယ်။ 
  2. အဆင့် ၂။ မြေပုံကို ပြင်ဖို့အတွက် JOSM ဆိုတဲ့ ပရိုဂရမ်ကို ဒီကနေဆွဲပါ။ ပြီး အဲဒီ josm-latest.jar ဆိုတဲ့ဖိုင်ကို c:/map ဆိုတဲ့ ဖိုဒါအသစ်ဆောက်၊ အဲဒီထဲ ကူးထည့်ပြီး ကလစ် နှစ်ချက်ခေါက်လိုက်ပါ။ ဆော့ဝဲပွင့်လာပါလိမ့်မယ်။ 
  3. အဆင့် ၃။ မော်လမြိုင်နဲ့အနီးတစ်ဝိုက် မြေပုံကို ဒီကဆွဲလိုက်ပါ။ mlm.zip ဖိုင်ကို ဖြည်ထုတ်ပါ။ mlm.osm ဆိုတဲ့ ဖိုင်လေးရလာရင် c:/map ဆိုပြီးထည့်ပြီး သိမ်းထားပေးပါ။ 
  4. အဆင့် ၄။ JOSM program ကနေ Open File ဆိုပြီး စောစောက mlm.osm ဖိုင်ကို ရွှေးပေးပါ။
ဒါဆိုရင် မော်လမြိုင် မြို့ မြေပုံကို သင်ကိုယ်တိုင် ပြင်ဆင်လို့ရပါပြီခင်ဗျား။ သင်ကိုယ်တိုင် ပြင်ထားတဲ့ဖိုင်ကို www.openstreetmap.orgကို ချက်ချင်းတင်ကြည့်ရအောင်။ အဲလိုတင်ဖို့အတွက် အဲဒီဆိုဒ်မှာ အကောင့်အသစ်ဖွင့်ဖို့လိုပါတယ်။အကောင့်အသစ်ဖွင့်တာမခက်ပါဘူး။ အကောင့်အသစ်တစ်ခုရပြီ ဆိုတာနဲ့ JOSM Program > Edit > Preference ကိုသွားပါ။ F12 နှိပ်လည်းရတယ်။ ကမ္ဘာလုံးပုံလေးနဲ့ဟာကိုနှိပ်ပြီး သင့် Username and password ကိုဖြည့်ထားပါ။ ဒါဆိုရပါပြီး။
စောစောက သင်ပြင်ထားတဲ့ မြေပုံကို ဆိုဒ်ပေါ်ကို တစ်ခါတည်း တင်ချင်ရင် Ctrl + U ကိုနှိပ်လိုက်ပါ။ ၁ မိနစ်လောက်ဆို ဆာဗာပေါ်ရောက်သွားပါပြီ။ အဲဒီမြေပုံကို ပြန်ကြည့်ကြည်ပါ။ အဆင်ပြေသလားဆိုတာကိုပါ။

အိုကေ ဒါက ပရဟိတ အနေနဲ့ မြေပုံဆွဲတဲအထဲကို ကိုယ်တိုင် ဝင်ဆွဲတဲ့နည်း။
ကိုယ်ဆွဲပြီးသား မြေပုံကို ချက်ချင်းအသုံးပြုမယ်ဆိုရင်တော့ အဲဒီအတွက် သီးသန့်ထပ်တင်ပေးပါ့မယ်ခင်ဗျား